admin


MYSA COIVD support event 2020

2020/09/20 မြန်မာသံရုံး (တိုကျို) မှ သံအမတ်ကြီး ဦးမြင့်သူနှင့်တကွ အခြားတာဝန်ရှိ သံရုံး အဖွဲ့ဝင်များမှ ဦးစီးကျင်းပပေးသော ဂျပန်ရောက် မြန်မာကျောင်းသူ/သား များအား ပညာသင်ကြားမှု အထောက်အကူပြု လှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားကို MYSA အဖွဲ့သားများ သွားရောက်ပူးပေါင်းကူညီပေးခဲ့ပါသည်။ MYSA အဖွဲ့ဝင်များမှ အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား/သူများကို အဖျားတိုင်းခြင်း၊ အရက်ပြန်ဖြင့်လက်ဆေးခြင်းများနှင့်အတူ အခြားလိုအပ်သည်များကို ဝိုင်းဝန်းကူညီပေးခဲ့ပါသည်။ ထို့နောက် အစီအစဥ်အတိုင်း သံအမတ်ကြီး ဦးမြင့်သူမှ မိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းသား/သူ တစ်ဦးချင်းစီအား ထောက်ပံ့ငွေများ (တစ်ဦးလျှင် ယန်း-၁၀သောင်းစီ) ကို ကိုယ်တိုင်ပေးအပ်ခဲ့ပါသည်။ အခမ်းအနားမတက်ရောက်နိုင်သော နယ်ဝေးမှကျောင်းသား/သူများကိုယ်စား MYSA မှတာဝန်ရှိသူတစ်ဦးမှ ကိုယ်စားပြု၍ တက်ရောက်ယူပေးခဲ့ပါသည်။ အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား/သူ များမှ သံအမတ်ကြီးနှင့်တကွ […]


MYSA Kansai Activity

2020/1/23 MYSA Kansai Activity⛷ 🏂အိုဆာကာ မြန်မာလူငယ်ကျောင်းသားများအသင်းအဖွဲ့ (MYSA-Kansai) မှ ဖေဖဝါရီ ၂၂နဲ့ ၂၃ ရက်နေ့ Ski ခရီးစဉ် ကို မှတ်တမ်းတင်ပါသည် 👏🏻ပါဝင်ပေးတဲ့ ညီအကိုမောင်နှမများကို MYSA-kansai မှ အထူးကျေးဇူးတင်ရှိပြပါသည်


Asean Sports Festival 2020

2020/1/19 Asean Sports Festival 2020 Congratulation Myanmar 🇲🇲 Gold medal for Futsal 🥇 Bronze medal for Badminton 🥉 Bornze medal for Table Tennis 🥉 We did it together with passion and united. Thanks our players for the amazing results. Futsal မှာ ဒီနှစ်လဲမနှစ်ကချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုကာကွယ်နိုင်ခဲ့ပါတယ်။ Badminton team ကလဲ ကြေးဆုနဲ့ တတိယနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ Table Tennis မှာလဲ […]


One of MYSA Activities in Tokyo, Japan

ရဲအိဝခေတ်ဂျပန် ဧကရာဇ် နာရူဟီတို ( Rei Wa Japan Emperor Naruhito ) နန်းတက်ပြည်သူများမှ ဂုဏ်ပြုပွဲ ကို တက်ရောက်သော ဂျပန်ရောက် မြန်မာလူငယ်ကျောင်းသားများအသင်းအဖွဲ့ မှ မောင်နှစ်မများ ( MYSA )


အိုဆာကာ ကထိန်

2019/11/6 အိုဆာကာ ကထိန်ပွဲကျေးဇူးတင်လွှာ 🙏🙏🙏🙏🙏🙏🙏🙏 အိုဆာကာ(Ksansai ဒေသ) မြန်မာများနှင့်အတူ MYSA မှ ဦးစီးဆောင်ရွက်ခဲ့တဲ့ ဒုတိယအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲကို ၃/၁၁/၂၀၁၉ (တနင်္ဂနွေ) နေ့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ကထိန်အလှူငွေအနေနဲ့ ၅၈၂၀၀၀ယန်း (ငါးဆယ့်ရှစ်သောင်းနှစ်ထောင်ယန်း) ရရှိခဲ့ပါတယ်။ ကထိန်အလှူတွက် အထွေထွေ အသုံးစရိတ်များ ဖယ်ပြီး အလှူတော်ငွေ ၄၇၀၂၁၀ ယန်းကို ကထိန်အလှူငွေအဖြစ် ဆာတိုးရီဝိဟာရ ကျောင်းတိုက်သို့ ဆပ်ကပ် ကပ်လှူသွားပါမယ်။ အလှူရှင်များ သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေ ပေးလိုက်ရခြင်းဖြစ်ပါတယ်။ ကထိန်ပွဲသို့ ကြွရောက်ပေးသော ဆရာတော်များ ဆာတိုးရိဝိဟာ ရ ကျောင်းတိုက်မှ အရှင်မဏိဇော တာလင်္ကာရ၊ မန္တလေးတိုင်းပျော်ဖွယ်မြို့မှဝန်ဆောင်ဆရာတော် ဘဒ္ဓန္တဉာဏိတ၊ ကျိုတိုမြို့ မှRyugen 様တို့အားလည်း ကျေးဇူးတင်ရှိကြောင်းရိုသေစွာ […]


ASEAN Festival 2019

ASEAN To The World နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Asean festival ကို 2019/10/27 ရက်နေ့မှာလည်း စဉ်ဆက် မပြတ် ကျင်းပခဲ့ပါတယ်။ MYSAအဖွဲ့ကလည်းမြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ပူးပေါင်းပါဝင်ခဲ့ပါတယ်။   #MYSA  


MYSA Academic and Career Event 2019

Myanmar Youth & Student Association ( MYSA ) မှ ကြီးမှူးကျင်းပသော MYSA Academic & Career Event ကို လာရောက်ပေးသော မောင်လေး ညီမလေး များ နှင့် ပွဲတွင်ပါဝင် ဝင်ရောက်ဆွေးနွေးပေးခဲ့သော စီနီယာ များနှင့် volunteers များ အား MYSA Academic & Career Team မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အချိန်တိုတို အတွင်းမှာ ပဲ တစ်ယောက်ချင်း ဆီ ကို One by One အနေနှင့် ဆွေးနွေးပေးခဲ့တာ ဖြစ်တဲ့ အတွက် လာတက်ရောက်တဲ့ […]


မြန်မာသံရုံး၊ တိုကျိုမြို့ သံအမတ်ကြီး ဦးမြင့်သူ နှင့် MYSA အဖွွဲ့ဝင်များတွေ့ဆုံခြင်း

၁။ မြန်မာသံရုံး၊ တိုကျိုမြို့ သံအမတ်ကြီး ဦးမြင့်သူသည် Myanmar Youth and Students Association (MYSA)မှ အဖွဲ့ဝင်များနှင့် ၁၅-၉-၂၀၁၉ ရက်၊ တနင်္ဂနွေနေ့၊ ၁၃:၃၀ နာရီတွင် မြန်မာသံရုံး၌ တွေ့ဆုံခဲ့ပါသည်။ ၂။ ထိုသို့ တွေ့ဆုံရာတွင် ရှေးဦးစွာ အဖွဲ့ဝင်များမှ သံအမတ်ကြီးအား တစ်ဦးချင်း မိတ်ဆက်၍ ၎င်းတို့ ဂျပန်နိုင်ငံတွင် ရောက်ရှိပညာသင်ယူနေမှုအခြေအနေ၊ လုပ်ငန်းခွင်ဝင်ရောက်မှုအတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ သံအမတ်ကြီးမှ ဂျပန်နိုင်ငံတွင် နေထိုင်စဉ် အခက်အခဲများရှိက သံရုံးသို့ အချိန်မရွေးဆက်သွယ်ပြောဆိုနိုင်ကြောင်း၊ Myanmar Youth and Students Association (MYSA)၏ သံရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများအပြင် အခြားအာဆီယံနိုင်ငံများနှင့်အတူ ဂျပန်နိုင်ငံတွင် ပညာရေး၊ ယဉ်ကျေးမှု […]


2019 Free Medical Check up

ဒီနေ့ MFCGမှ ဦးစီးကျင်းပသော Free Medical Check Up ပွဲလေးမှာ ပါဝင်ကူညီပေးခဲ့ကြသော MYSA Volunteer များ အားလုံးကို ကျေးဇူးတင်ပါသည်။ နောက်ပွဲတွေမှာလည်း ပါဝင်ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


2019 Myanmar Festival

မြန်မာ ပွဲတော် ၂၀၁၉ ပထမနေ့ တွင် ပါဝင် ဖျော်ဖြေ ပေးသွားပါသော MYSA၏ စေတနာကောင်းတဲ့ volunteers အကမောင် ငယ် ညီမငယ် အစ်ကို အစ်မ များအား ဂုဏ်ပြုမှတ်တမ်း ကျေးဇူးတင်လွှာ တိုင်းရင်းသားအကကိုအလှပဆုံး ကပြနိုင်ဖို့ သင်ပြပေးခဲ့တဲ့ အစ်မ မခင်မိုးမိုး နဲ့တကွ ခေတ်ပေါ်တီးလုံးတွေအတွက် အလှပဆုံးသင်ကြားပေးခဲ့တဲ့ အစ်မပိုးယု ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်…. 🧡MCအနေနဲ့ ကူညီအားဖြည့်ပေးခဲ့တဲ့ ညီမလေး အိမ့်ပြည့်နဲ့ မောင်လေး ပိုင်သက်ကို ကိုလည်း အထူးကျေးဇူးတင်ပါတယ်နော်…. 💜Performers တွေကို မိတ်ကပ်အလှ ဆံပင် ဆံထုံး ကူညီပေးခဲ့တဲ့ အစ်မမေသွယ်၊ ညီမ ခက်မွန်ဝင်း၊ အိမ့်မှူးမြင့်မိုရ် ၊ သူငယ်ချင်း၊ ဆုမို၊ […]