MYSA COIVD support event 2020


2020/09/20 မြန်မာသံရုံး (တိုကျို) မှ သံအမတ်ကြီး ဦးမြင့်သူနှင့်တကွ အခြားတာဝန်ရှိ သံရုံး အဖွဲ့ဝင်များမှ ဦးစီးကျင်းပပေးသော ဂျပန်ရောက် မြန်မာကျောင်းသူ/သား များအား ပညာသင်ကြားမှု အထောက်အကူပြု လှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားကို MYSA အဖွဲ့သားများ သွားရောက်ပူးပေါင်းကူညီပေးခဲ့ပါသည်။
MYSA အဖွဲ့ဝင်များမှ အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား/သူများကို အဖျားတိုင်းခြင်း၊ အရက်ပြန်ဖြင့်လက်ဆေးခြင်းများနှင့်အတူ အခြားလိုအပ်သည်များကို ဝိုင်းဝန်းကူညီပေးခဲ့ပါသည်။
ထို့နောက် အစီအစဥ်အတိုင်း သံအမတ်ကြီး ဦးမြင့်သူမှ မိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းသား/သူ တစ်ဦးချင်းစီအား ထောက်ပံ့ငွေများ (တစ်ဦးလျှင် ယန်း-၁၀သောင်းစီ) ကို ကိုယ်တိုင်ပေးအပ်ခဲ့ပါသည်။
အခမ်းအနားမတက်ရောက်နိုင်သော နယ်ဝေးမှကျောင်းသား/သူများကိုယ်စား MYSA မှတာဝန်ရှိသူတစ်ဦးမှ ကိုယ်စားပြု၍ တက်ရောက်ယူပေးခဲ့ပါသည်။
အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား/သူ များမှ သံအမတ်ကြီးနှင့်တကွ သံရုံးမှ တာဝန်ရှိ အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ကြပါသည်။
MYSA ဥက္ကဌ မှလည်း MYSA အဖွဲ့အစည်း၏လုပ်ရှားနေမှုများကိုရှင်းပြခဲ့ပြီး၊ မအားလပ်သည့်ကြားမှ အချိန်ယူ၍ ကျောင်းသား/သူများကို ထောက်ပံ့ငွေပေးအပ်နိုင်ရန် စီစဥ်ပေးခဲ့သော သံအမတ်ကြီးနှင့်တကွ သံရုံးမှတာဝန်ရှိအဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ထို့နောက် အားလုံးစုပေါင်း ၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြပြီး အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
MYSA page တွင် photo နှင့် video များကိုအသုံးပြုရန်ခွင့်ပြုပေးခဲ့သော ကျောင်းသား/သူ များအား ကျေးဇူးတင်ရှိပါသည်။

Leave a comment

Your email address will not be published. Required fields are marked *