အိုဆာကာ ကထိန်


2019/11/6

အိုဆာကာ ကထိန်ပွဲကျေးဇူးတင်လွှာ

🙏🙏🙏🙏🙏🙏🙏🙏
အိုဆာကာ(Ksansai ဒေသ) မြန်မာများနှင့်အတူ MYSA မှ ဦးစီးဆောင်ရွက်ခဲ့တဲ့ ဒုတိယအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲကို ၃/၁၁/၂၀၁၉ (တနင်္ဂနွေ) နေ့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
ကထိန်အလှူငွေအနေနဲ့ ၅၈၂၀၀၀ယန်း (ငါးဆယ့်ရှစ်သောင်းနှစ်ထောင်ယန်း) ရရှိခဲ့ပါတယ်။ ကထိန်အလှူတွက် အထွေထွေ အသုံးစရိတ်များ ဖယ်ပြီး အလှူတော်ငွေ ၄၇၀၂၁၀ ယန်းကို ကထိန်အလှူငွေအဖြစ် ဆာတိုးရီဝိဟာရ ကျောင်းတိုက်သို့ ဆပ်ကပ် ကပ်လှူသွားပါမယ်။ အလှူရှင်များ သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေ ပေးလိုက်ရခြင်းဖြစ်ပါတယ်။
ကထိန်ပွဲသို့ ကြွရောက်ပေးသော ဆရာတော်များ ဆာတိုးရိဝိဟာ

ရ ကျောင်းတိုက်မှ အရှင်မဏိဇော တာလင်္ကာရ၊ မန္တလေးတိုင်းပျော်ဖွယ်မြို့မှဝန်ဆောင်ဆရာတော် ဘဒ္ဓန္တဉာဏိတ၊ ကျိုတိုမြို့ မှRyugen 様တို့အားလည်း ကျေးဇူးတင်ရှိကြောင်းရိုသေစွာ ဦးတိုက်လျှောက်ထားအပ်ပါတယ်။
ကြွရောက်လာသော တရားနာပရိတ်သတ် ဧည့်သည်များ၊ လုပ်အားဒါန၊ စတုဒီသာ အာဟာရဒါန အလှူရှင်အပေါင်း ကိုလည်း ကျွန်တော်/ကျွန်မတို့ MYSA အဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။
ယခုကဲ့သို့ ပွဲဖြစ်မြောက်ရန် Osaka ဘက်မှ MYSA အဖွဲ့ဝင် မအိမွန်ချို နှင့် စေတနာ့ဝန်းထမ်းများမှ ဦးစီးပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ အစစအရာရာ အောင်မြင်အောင် အကြံဉာဏ်ပေးကူညီဆောင်ရွက်ပေးခဲ့ကြသော ကိုစွမ်းသော်၊ မမွှေးမြမြကြိုင်၊ မမေခိုင်ဦး၊ ကိုထက်ဝင်းနှင့် ကိုဝေဖြိုးကျော် တို့အားလည်း ကျေးဇူးတင်ရှိပါတယ်။
MYSA (တိုကျို) ဘက်မှ ဥက္ကဌများဖြစ်ကြတဲ့ မမေယမုန်ခိုင်နဲ့ ကိုလှိုင်မြင့်ဦး တို့မှ ဆရာတော်များကို ပင့်ဆောင်ခဲ့ပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
🎊 သတင်းကောင်းအနေဖြင့် ကထိန်ပွဲအပြီးမှာပဲ MYSA-Kansai အဖြစ် ထပ်မံ တိုးချဲ့ကြောင်း ကြေညာခဲ့ပါတယ်။ 🎊
ယခုလိုပဲ နောက်လာမဲ့ event များကို ထပ်မံကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်လို့ ပါဝင်ကူညီပေးကြဖို့ ကြိုတင်ဖိတ်ခေါ်လိုက်ပါတယ်။
Myanmar Youth and Student Association

osaka_1

Image 1 of 5

Leave a comment

Your email address will not be published. Required fields are marked *