MYSA Academic and Career Event 2019


Myanmar Youth & Student Association ( MYSA ) မှ ကြီးမှူးကျင်းပသော MYSA Academic & Career Event ကို လာရောက်ပေးသော မောင်လေး ညီမလေး များ နှင့် ပွဲတွင်ပါဝင် ဝင်ရောက်ဆွေးနွေးပေးခဲ့သော စီနီယာ များနှင့် volunteers များ အား MYSA Academic & Career Team မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အချိန်တိုတို အတွင်းမှာ ပဲ တစ်ယောက်ချင်း ဆီ ကို One by One အနေနှင့် ဆွေးနွေးပေးခဲ့တာ ဖြစ်တဲ့ အတွက် လာတက်ရောက်တဲ့ ဂျူနီယာ လေးတွေ လည်း ကိုယ်သိချင်တာတွေ ကိုယ် မေးချင်တာတွေ ကို အများကြီး မေးလိုက်နိုင်မယ်လို့ ယုံကြည်ပါ တယ်။ ပွဲလေးကို တက်ရောက်ရင်း ရသွားတဲ့ အချက်အလက် တွေ ကလည်း တနည်းနည်း နဲ့ ကျောင်းရွေးချယ်တဲ့ နေရာမှာ ပဲဖြစ်ဖြစ် အလုပ်ခွင်မှာပဲဖြစ်ဖြစ် အလုပ်ရှာရာမှာပဲဖြစ်ဖြစ် အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ပွဲကို တက်ရောက်ရင်း လိုအပ်တာ များရှိခဲ့ရင်လည်း အား လုံးနားလည် ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါရစေ။ MYSA ရဲ့ နောက်ပြုလုပ်မည့်ပွဲတွေ ကို Page ကနေ တစ်ဆင့် ကြေညာမှာ ဖြစ်တဲ့ အတွက် page လေးကို check လုပ်ပေးပါနော်။ MYSA မှာ volunteer အဖြစ် ပါဝင်ချင်တယ် ဆိုရင်တော့ Chat box ကနေ ဆက်သွယ် နိုင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *