2019 MYSA မဟာဘုံကထိန်


အိုဆာကာရောက်မြန်မာများနှင့်အတူ MYSA မှဦးစီးကျင်းပပေးခဲ့တဲ့ ပထမဆုံးအကြိမ် Osaka မဟာဘုံကထိန်ပွဲကို ယနေ့ ၂၄/၁၁/၂၀၁၈ (စနေနေ့) မှာ Osaka မြို့တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ ကထိန်အလှူတော် နှင့် ကထိန်အထွေထွေအသုံးစရိတ်ဆိုပြီး ကောက်ခံရရှိသော အလှူငွေ စုစုပေါင်း ၃၃၁၀၀၀-ယန်း (သုံးဆယ့်သုံးသောင်းတစ်ထောင်ယန်း) ရရှိခဲ့ပါတယ်။ ကထိန်အလှူတော်အတွက်အထွေထွေ အသုံးစရိတ် များထဲမှာ သုံးပြီးပိုသော အလှူငွေများကို ကထိန်အလှူတော်ငွေအဖြစ်ပေါင်းထည့်ပြီး Satori ဝိရဟာ ဆရာတော်ထံ ဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ဆရာတော်မှ ကျောင်းတိုက်အသစ်ဆောက်လှူတဲ့နေရာမှာ အလှူငွေအားလုံးကိုထည့်သွင်းအသုံးပြုမှာဖြစ်ကြောင်း ပြန်လည်မိန့်ကြားတော်မူခဲ့ပါတယ်။ ယနေ့ပွဲကိုတက်ရောက်လှူဒါန်းခဲ့ကြသော တရားနာပိရိတ်သတ်အားလုံး တစ်ဦးချင်းစီကို ကျွန်တော်တို့ MYSA မှအထူးပင်ကျေးဇူးတင်ရှိပါတယ်။ မျှော်လင့်ထားသည်ထက်ပို၍လာရောက်ခဲ့ကြပြီး စတုဒီသာထမင်း နဲ့ ဟင်းတွေကိုလည်း အားလုံးအတွက် သေချာစီစဉ်ပေးနိုင်ခဲ့ပါတယ်။ စတုဒီသာအလှူရှင်များကို လည်း တဦးချင်းစီအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ယခုပွဲကို Osaka ဘက်မှ ဒေါက်တာအိမွန်ချို၊ မမွှေးမြမြကြိုင် နှင့် ကိုစွမ်းသော် တို့မှ ဦးစီး၍ အစစ အရာရာ အောင်မြင်အောင် အကြံဉာဏ်ပေး ၍အကောင်အထည်ဖော်ပေးခဲ့ကြပါတယ်။ တိုကျိုမှ MYSA member များဖြစ်ကြသော ကိုလွင်ဆန်း၊ ကိုဉာဏ်လင်းအောင်၊ မရည်မွ

န်အောင်၊ မယဉ်မြင့်ထွန်း နှင့် မအလင်းရောင် တို့မှ ဆရာတော်ကိုပင့်ဖိတ်၍ လိုအပ်သည်များကိုစီစဉ်၍ သွားရောက်ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။ နေ

ရာထိုင်ခင်းအတွက် အစစ အရာရာ အဆင်ပြေအောင်စီစဉ်ပေးခဲ့ကြတဲ့ Kobe နှင့် Kyoto မှ ညီကို များကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။ ယခုတကြိမ်လိုပဲ နောက်အကြိမ်ပေါင်းများစွာအောင်မြင်အောင် ထပ်မံကြိုးစားသွားကြဖို့ အားလုံးကိုဖိတ်ခေါ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *