2019 Myanmar Festival


မြန်မာ ပွဲတော် ၂၀၁၉ ပထမနေ့ တွင် ပါဝင် ဖျော်ဖြေ ပေးသွားပါသော MYSA၏ စေတနာကောင်းတဲ့ volunteers အကမောင် ငယ် ညီမငယ် အစ်ကို အစ်မ များအား ဂုဏ်ပြုမှတ်တမ်း ကျေးဇူးတင်လွှာ

တိုင်းရင်းသားအကကိုအလှပဆုံး ကပြနိုင်ဖို့ သင်ပြပေးခဲ့တဲ့ အစ်မ မခင်မိုးမိုး နဲ့တကွ ခေတ်ပေါ်တီးလုံးတွေအတွက် အလှပဆုံးသင်ကြားပေးခဲ့တဲ့ အစ်မပိုးယု ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်…. 🧡MCအနေနဲ့ ကူညီအားဖြည့်ပေးခဲ့တဲ့ ညီမလေး အိမ့်ပြည့်နဲ့ မောင်လေး ပိုင်သက်ကို ကိုလည်း အထူးကျေးဇူးတင်ပါတယ်နော်…. 💜Performers တွေကို မိတ်ကပ်အလှ ဆံပင် ဆံထုံး ကူညီပေးခဲ့တဲ့ အစ်မမေသွယ်၊ ညီမ ခက်မွန်ဝင်း၊ အိမ့်မှူးမြင့်မိုရ် ၊ သူငယ်ချင်း၊ ဆုမို၊ အစ်မ ဆုမြတ်သီတာ၊ အစ်မချောကြည်သာသူ တို့ကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ 💛Backstage မှာလည်းမလစ်ဟင်းရအောင် တာဝန်ယူပေးခဲ့တဲ့ အကိုမြင့်သိန်းထွန်း, အကိုထူးပြည့်၊ အစ်မယဉ်၊ ညီမလေး မေခိုင်၊အစ်မစုံံစုံ နဲ့ ကပြပြီးတာတောင် Booth မှာ သွားပြီး အားဖြည့်ပေးခဲ့တဲ့ Performers ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ 💖အကတိုက်ဖို့အတွက် နေရာ၊ အကတိုက်ရင်းစားဖို့အစားအသောက်တွေ၊ Performance တွေ အတွက် လိုအပ်တဲ့ အဝတ်အစားတွေ စသဖြင့် အဖက်ဖက်ကနေ ပံ့ပိုးပြီး ပြီးပြည့်စုံအောင် ကူညီပေးခဲ့တဲ့ သံအမတ်ကြီးနဲ့ သံရုံးမှ အကိုတွေ အစ်မတွေ သံရုံးမိသားစုဝင်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်… လွန်ခဲ့တဲ့ နှစ်လလောက်တည်းက ကိုယ်ပိုင်နားရမယ့်အချိန်လေးတွေကို ဖဲ့ဖဲ့ပြီး အကတိုက်လာပေးခဲ့ ၊ပွဲနေ့မှာလည်း အလှပဆုံး အပြည့်စုံဆုံး ကပြပေးခဲ့တဲ့ Performer တယောက်စီ တယောက်စီ ကို ကျေးဇူးအရမ်းအရမ်းကိုတင်ပါတယ်လို့။ လိုအပ်ချက်လေးတွေရှိခဲ့ရင်လည်း နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်နော်… နောက်နှစ်တွေမှာလည်းမြန်မာပွဲမှာ ပျော်ပျော်ပါးပါး ပါဝင်ကြရအောင်နော်..

 

Leave a comment

Your email address will not be published. Required fields are marked *